ကိုယ်ရေးအချက်အလက်မူဝါဒ

နောက်ဆုံးပြင်ဆင်သည့်နေ့ — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်

VocalT က ဘာတွေသိမ်းသလဲ

Service လည်ပတ်ရန် Telegram user ID၊ username၊ first/last name၊ first/last seen အချိန်၊ encrypt လုပ်ထားသော Gemini API key နဲ့ 10 မိနစ်သက်တမ်းရှိသော hashed setup session ကိုသိမ်းပါတယ်။

Gemini API key

Key ကို Telegram chat ထဲမတောင်းပါဘူး။ HTTPS one-time page ကယူပြီး server မှာ AES-256-GCM နဲ့ encrypt လုပ်ကာ ciphertext အဖြစ်သာ Supabase မှာသိမ်းပါတယ်။ Server က transcription လုပ်ချိန်မှာ memory ထဲယာယီ decrypt လုပ်ပါတယ်။

Audio နှင့် transcript

Audio ကို Telegram ကနေ ယာယီ download လုပ်ပြီး user ရဲ့ key နဲ့ Google Gemini ဆီပို့ပါတယ်။ VocalT က audio၊ transcript စာသား သို့မဟုတ် transcription history ကို Supabase မှာမသိမ်းပါဘူး။ Telegram၊ Google၊ Vercel နဲ့ Supabase က သူတို့ရဲ့ကိုယ်ပိုင်မူဝါဒအတိုင်း data သို့မဟုတ် platform logs ကို process လုပ်နိုင်ပါတယ်။

Admin နှင့် analytics

VocalT မှာ private admin dashboard မရှိတော့ပါဘူး။ Per-transcription analytics၊ model preferences၊ premium interest နဲ့ usage history မသိမ်းပါဘူး။

Data လုံခြုံရေး

Database tables ကို Row Level Security နဲ့ကာကွယ်ပြီး server-side service role ကသာအသုံးပြုပါတယ်။ ဘယ် system မှ 100% လုံခြုံကြောင်းအာမခံမရပေမယ့် plaintext key exposure လျှော့ချရန် encryption နဲ့ one-time tokens ကိုသုံးထားပါတယ်။

ကိုယ့် data ဖျက်ရန်

/remove က Gemini key ကိုသာဖျက်ပါတယ်။ /delete_me က profile၊ encrypted key နဲ့ setup sessions အားလုံးဖျက်ပါတယ်။ Platform provider logs တွေက provider ရဲ့ retention period အထိရှိနိုင်ပါတယ်။

Third-party services

VocalT အသုံးပြုရာမှာ Telegram, Vercel, Supabase နဲ့ Google Gemini တို့ပါဝင်ပြီး သက်ဆိုင်ရာ privacy policies တွေလည်းအကျုံးဝင်ပါတယ်။

အသုံးပြုနည်း • အသုံးပြုမှုစည်းမျဉ်း